WE DON'T ALLOW UNDER 18 TO BE WATCH AND READ. အသက် ၁၈ နှစ်မပြည့်သေးသူများ မကြည့်ရ၊မဖတ်ရ။"
Sunday, November 28, 2010
ရည်းစား = သားသမီး / သားသမီး = မိဘ / မိဘ ≠ ရည်းစား
ရည်းစား = သားသမီး / သားသမီး = မိဘ / မိဘ ရည်းစား
ဒီခေါင်းစဉ်ကို ကြည့်လိုက်တာနဲ့ အမျိုးမျိုးအတွေးတွေ ၀င်နိုင်ပါတယ်။
ပျော်ပျော်နေ ဆိုတာ ကျနော်တို့ ပျော်ဖို့ လားသူတို့ တွေ ပျော်ဖို့ လား?..
ကျနော်တို့ တွေ ပျော်ဖို့ ဆို ရင်ကျနော်တို့ ကို မွေးထား တဲ့ မိဘတွေ က နားလည်ပေးရမှာပေါ့ဗျာဟုတ်ဘူးလားတကယ်တော့သူတို့ တွေပျော်ဖို့ အတွက်ပါ. .ကျနော်တို့ လည်း
နားလည်ပါတယ်တကယ်တော့ ယောက်ျားလေးနှစ်ယောက် အတူတူနေ ကြပြီ ဆိုပါတော့…….ငယ်စဉ်အရွယ်မှာ အတူတူအလုပ်လုပ် အတူသွားအတူလာ အရမ်းပျော်ဖို့ ကောင်းပါတယ်.စိတ်တူကိုယ်တူဖြစ်ကြတယ်လေ.ဥပမာမိန်းမတွေ နဲ့  Shopping  သွားမယ်ဆို ရင် ကျနော်တို့ ယောက်ျားလေးတွေ တော်တော် စိတ်ညစ်တတ်ကြပါတယ်သူတို့ တွေ က အေးအေးဆေးဆေး ၀ယ် မယ် တထည်ချင်း ဆန်းဝတ်မယ်..ကျနော်တို့ တွေ အဲ့လောက်မစောင့်ချင်ကြဘူး။
ယောက်ျားလေးချင်း ဆို ရင် လိုအပ်တာဝယ်မယ် .လိုချင်တာလည်းတူသလို အမြင်လည်းတူကြတယ်
နောက်စရိုက်ချင်းတူသွားရင်အဆိုးတိုင်ပင်အကောင်းတိုင်ပင် လုပ်မယ်ဆို ရင်လည်း အကြံဥာဏ်ချင်းလည်းတူကြတယ်အဲလူကြီးတွေ ပြောသလို ဟုတ်ပါပြီ နင်တို့ အသက်ကြီးလာရင်ကော..
ငယ်စဉ်အရွယ်မှာ အတူတူသွားနိုင်ပေမယ့် အသက်ကြီးလာလို့  နှစ်ယောက်လုံး နေထိုင်မကောင်းဖြစ်ရင်
ကော ဘယ်လို လုပ်ကြမလဲဟုတ်ပြီ အဲ့ဒီ ငြင်းခုံမှု ကို တိုင်ဝမ် နိုင်ငံ ရဲ့ TV Show တခုမှာ ပြုလုပ်ခဲ့တယ်
အဖေ နဲ့ သားနဲ့ ပေါ့သူ့ သားက ဟိုမို ပါ .လုံးဝ မိန်းမ မဆန်သလိုခန္ဓာကိုယ် ကလည်းအရမ်းမိုက်ပါတယ်.ပြဿနာက အဖေက သူ သားကို သူ့ ရည်းစာနဲ့ အိမ်မှာ sex လာလာ လုပ်တာ ကို သဘာလုံးဝ မကျပါဘူးသူ့ သားကလည်း အဖေ သဘောမကျတာကို သိလျှက်နဲ့  အိမ် ကို ခေါ်ခေါ်လာခဲ့တယ်။ တယောက်မ ကတော့ အဖေ ကလည်းဒေါသထွက်ပြီးပြောတော့တာပေါ့နောင်ကို ဒီလို ခေါ်ခေါ်မလာနဲ့ ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့..အဲ့တော့သူ့ သားကတခါတည်း သူ့ ရည်းစားနေတဲ့ အခန်း
ကိုလိုက်သွားပါကော..အဲ့လိုမပြေမလည်ဖြစ်နေတာကို TV Show က ပြေလည်အောင်ပြန်လုပ်ပေးတာပါ...
အစမှာအဖေက ပြောပါတယ်.မင်းဒီလို ဆက်နေရင် အသက်ကြီးလာရင်ဘာလိုလုပ်မလဲ?????...ဘာကိုဘယ်လိုလုပ်ရမှာလဲ..မင်းအသက်ကြီးလာတော့မင်းကို
ပြုစုစောင့်ရှောက်မဲ့လူမရှိတော့ရင်ကော????မင်းမှာသားသမီးမရှိတာကို ငါစိတ်ပူတာ..ငါကသေရတော့မှာ
မင်းအတွက် ကို ငါစဉ်းစားပေးတာဘာာဘယ်လိုကျနော့် အတွက် ဟုတ်လား?? သွား ပါဗျာ အဖေက
မြေးဦးလိုချင်လို့  ပြောနေတာ ကျနော်သိတာပေါ့ဒါမယ့် ကျနော်မှ မလုပ်ပေးနိုင်တာ..ကျနော် က 0 ဗျ
တိုင်ဝမ်မှာ က 0 & 1  ဆို ပြီး သုံးပါတယ်……Zero ကတော့ ခံတာဖြစ်ပြီး.One ကတော့ လိုးတာဖြစ်ပါတယ်.သားက 0 ဖြစ်နေတာ့ မလုပ်ပေးနိုင်ဘူးလို့  ပြက်ပြက်သားသားပြောလိုက်ပါတယ်.
အဲ့တော့ မမွေးပေးနိုင်လဲ ..မွေးစားလို့ ရတာ ဘဲ .ဘာခက်တာမှတ်လို့ .ပိုက်ဆံရှိ ရင်ဘာမဆို ရတယ်
မင်းက မွေးစားတော့ ကိုယ်မွေးတာလောက်ကောင်း ပမလား???မင်းအပေါ်ကိုကောအဖေ အရင်းလို ဆက်ဆံ
မယ် မင်းထင်နေလို့ လား???အဲ့ဒီ အချိန်မှာ အစီအစဉ်တင်ဆက်နေတဲ့လူ က အန်ကယ် အခုလောကမှာ သားသမီး အရင်းတိုင်းကောင်းတာမဟုတ်ဘူး.သားသမီးအရင်းဖြစ် ပြီး ဆိုးသွမ်းနေတာတွေ အများကြီးဘဲ
အဲ့တော့ အန်ကယ်လို ချင်တာက အန်ကယ်သားကို ကလေးမွေးစေချင်တာ မဟုတ်လား????မျိုးဆက်ချန်ထားစေချင်တာမဟုတ်လား??? အဲ့တော့လွယ်ပါတယ် သားကို ကလေးအငှားမွေးတဲ့မိန်းမ နဲ့  ကလေးယူလိုက်ပေါ့.သားကကောတခါလောက်မိန်းမ နဲ့ သည်းခံပြီးလုပ်လိုက်ပေါ့..အဲ့ဒီအချိန် မှာ သားက စဉ်းစားပါတယ်.ထိုနောက် တခါလောက်ဆိုရင်
ရပါတယ်.နောက်ပြီးအဖေ က မင်း အိမ်ပြန် လာခဲ့ပြီးရင် ငါ့အိမ် ကိုလည်းအဲ့လို မျိုးတွေ ခေါ်ခေါ်မလာနဲ့ 
သား ဖြစ်ပြီး အဲ့လိုတွေ ခံနေရတာ အဖေ ဖြစ်တဲ့ငါ က မကြည့်ရက်ဘူးမင်းမှာလည်း လီးနဲ့ .သူ့ မှာလည်း
လီးနဲ့  မင်းမှာ ရှိပြီး မင်းကခံနေရတော့ အဖေ ကဘယ်လို ကြည့် ရက်မှာလည်း.အဲ့ဒီအချိန်မှာ အစီအစဉ်တင်ဆက်သူက ဟုတ်တော့လည်း ဟုတ်တယ်လေကွာမင်းကလည်းအဖေ အိမ်မှာတော့ ဟိုတယ် လိုသဘောမထားနဲ့ ပေါ့.အိမ်ပြန် ရင်အေးအေးဆေးဆေး ပြန်ပေါ့ တကယ်လို့ တွေ့ ရင်အဖေ မမြင်နိုင်တဲ့နေရာ မှာတွေ့ ပေါ့..ဒီလိုနဲ့ သားအဖ တွေ အဆင်ပြေသွား ကြပါတယ်.ကျနော် ပြောချင်တာက
ကျနော်တို့ ကို ဘာလို့ လူရာမသွင်းတာလဲ????ပတ်ဝန်းကျင်ဆိုတာကို အသာထားပါ.ကိုယ့်မိသားစုအတွင်း ကို ဘဲ အရင် စဉ်းစာ ရအောင်.ရိုးရိုး ယောက်ျားနဲ့ မိန်းမ လက်ထက်တော့ မယ်ဆို ရင် ပြင်လိုက် ရတာ ဆင်လိုက် ရတာ ပြောမနေ နဲ့ အော်ပြီးတော့ sex လုပ်ဖို့ 
လွတ်လွတ်လပ်လပ် အိမ်ထဲမှာ တခန်းပေးနေ တယ်ကျနော်တို့ ဟိုမိုတွေ ကောအဲ့လို နေဖို့ နေနေသာ
လက်ထက်ဖို့ တောင် မပြောရဲတဲ့ဘ၀တယောက်နဲ့ တယောက် တိတ်တဆိတ် ဆင်တူဝယ် ထားတဲ့လက်စွပ်
လေးကို ဘဲ နှစ်ယောက်ထဲ လူတွေ မသိတဲ့နေရာမှာ အပြန်အလှန် လဲဝတ်ကြရတယ်.ဘယ်မှာလဲပျော်စရာ
ဘယ်မှာလဲ.တလောကလုံးကအော်နေတဲ့ လူအခွင့်အရေး< Human Rights>ဆိုတာပြောကြလေ.
အနောက်နိုင်ငံ တိုင်းမှာ တောင်အားလုံးသဘော မတူသေးပါဘူးကျနော်တို့ လို ဘ၀တူတွေ အများကြီးပါ
မိဘတိုင်းကို စော်ကားတာတော့မဟုတ်ပါဘူး.တကယ်လို့ စော်ကားသလို ဖြစ်ရင် ကျနော်မောင်စေတန်
ဒီနေရာကနေ ဦးသုံးကြိမ်ချ ပြီး ရှိခိုးတောင်းပန်ပါတယ်……ကျနော်တို့ ကို သဘာဝလွန် သဘာဝလွန် လို့ ပြောနေတဲ့ လူတွေ ကို မေးချင်ပါတယ်.ခင်ဗျားတို့ ကော sex လုပ် ရင် ခင်ဗျားတို့ လီး ကို ခင်ဗျားတို့ 
မိန်းမတွေ ကို မစုပ်ခိုင်းဘူးလား???? စအို နဲ့ ကောခင်ဗျားတို့ တွေ sex မလုပ်ကြဘူးလား?????
ခင်ဗျားတို့ လုပ်တာတွေကကော သဘာဝ ကို မလွန်ဆန် ဘူးလားသိပ်ပြီးသဘာဝ ကြတယ်ပေါ့
မိုက်မိုက် ရိုင်းရိုင်ပြောရင် ခင်ဗျားတို့ တွေမိန်းမ မယူခင်..ဟိုမိုတယောက်ယောက်နဲ့ လုပ်ခဲ့မယ် ဆိုရင်
ခင်ဗျားတို့ တွေ ထပ်ထပ် ပြီးလို ချင်မှာဘဲလေဘာလို့ လဲ ခင်ဗျားတို့ စဉ်းစားမှာက ငါတို့ ယောက်ျားချင်းလုပ်
ရင်တာဝန် ယူစရာ မရှိဘူးအချိန်တန် မိန်းမ ယူရင် ဒီလိုမျိုးတွေကအလိုလို ဖြေရှင်းပြီးသား ဖြစ်လိမ့်မယ့်
အဲ့ဒီမှာ အဲ့ဟိုမို ကခင်ဗျား တို့ လို ချင်တာကို ..အချိန်မရွေး နေရာမရွေး ပေးနေ မယ်ဆိုရင်ခင်ဗျားတို့ တွေ ကသူနဲ့ ကောင်းနေမယ်..ပြဿနာမဖြစ်ဘူး  တကယ်လို့ အဲ့ဟိုမို ရည်းစားရသွားလို့ ..ခင်ဗျားတို့ လုပ်
ချင်တာတွေကို မပေးတော့ရင်ခင်ဗျားတို့ တွေက ဟိုမိုတွေ ကို အခြောက်တွေအလကားAIDS ရောဂါ
သည်တွေ အစရှိသဖြင့် မကောင်းအောင်ပြောမယ်……ပြောတော့မှာပေါ့.သူတို့ ဖြစ်ခဲ့တဲ့ ကိစ္စတွေပေါ်မှာ
သိပ်ကြောက်တယ်လေ.အဲ့ဒီမှာ ကျနော် ခံစားရတာလေးပြောပြချင်ပါတယ်မိန်းကလေးတွေ..
ကာမစော်ကားခံ ရတာဖြစ်ဖြစ် တယောက်ယောက်အနိုင်ကျင့် ခံရတာဖြစ်ဖြစ် .အိမ်သားတွေ အားလုံး
ဝိုင်းဝန်းကူညီကြတယ်.အားပေးတယ်.တရားစွဲတယ်ဒါဆို ကျနော်တို့ ယောက်ျားတွေကော
အဲ့လို မျိုးတွေ ဖြစ်လို့ အိမ် ပြန်လာရင်..အားပေးဖို့  ????ဝေးသေး အသေမသတ်ရင်ဘဲတော်လှ ပြီ
အဲလို မျိုးတွေ ဘာလို့ ဖြစ်ရတာ လဲ.ဗဟုသုတမရှိလို့ လား.ကျနော်တို့ ရဲ့မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် မှ ဘာမှ မပြောခဲ့ပါဘူးတကယ်လို့ ယောက်ျားဖြစ်ပြီး ယခုလို မျိုးဟိုမို ဖြစ်နေရင်
သာသနာ့ဘောင်မှာတရားအားပေးမထုတ်တာဘဲရှိပါတယ်.ဒါကလည်းရဟန်းရှင်ကပြည်သူလူထုတွေ
ကြည်ညိုကြတာဖြစ်လို့ .ပြဿနာတစုံတရာ ဖြစ်မှာစိုး လို့  ဘုရားရှင်ကိုယ်တော်တိုင်ချ မှတ်ခဲ့တာပါ.
တခြား ယုတ်ညံ့ခြင်း တစုံတရာ ကို ဘုရားရှင် ပြောကြားခြင်းမရှိခဲ့ပါဘူးကျနော်တို့ လည်း အဖဘုရားတော်ရှင် ရဲ့သားတော်တွေ ပါဘဲ..ကျနော်တို့ ရဟန်းပြု မှ ဘုရားသားမဟုတ်ပါဘူး
ဘုရားရှင် ရဲ့ စကားတော်ကို ရင်ထဲထား ပြီး ကျင့်ကြံနေထိုင် နေခြင်းဟာ လည်း အဖဘုရားရှင် ရဲ့သားတော်ဖြစ်တယ်ဆိုတာ ပြသနေတာပါဘဲ.ဘုရားဟောကြားခဲ့တဲ့ ကံ ကံ၏ အကျိုးဆိုတာရှိပါတယ်..
ကျနော်တို့ လည်း ပုံမှန် life style ကို လိုချင် ကြတာဘဲ..ဒါမယ့် ရှေးဘ၀ က တစုံတခု မကောင်းမှုပြုခဲ့
မိလို့  ဒီဘ၀ မျိုးရောက်တယ်လို့ ယုံကြည်တယ်..ကျနော်တို့ အားလုံးဟာ ဗုဒ္ဓဘာသာ ၀င်တွေဖြစ်တယ်..
ဘာလို့ တခြား လူတွေအပေါ် မေတ္တာတရား ထားနိုင်ကြပြီး ကျနော်တို့ ဟိုမို တွေအပေါ် မထားပေးနိုင်ဘဲ
ဖိနှိပ်ချင်နေကြတာလဲ?????ကျနော် တို့ လည်းကျနော်တို့ နောင်ရေးအတွက်စိတ်ပူ ကြတာပါဘဲ..
ကျနော်တို့  က ပိုပြီးခံစား ရပါတယ်အိမ်ကလူကြီးတွေကလည်းဘယ်လို နည်းနဲ့ မှ နားလည်မှာမဟုတ်ပါဘူးယခုဖတ်ရှုနေတဲ့ စာဖတ် ပရိသတ်ရဲ့မိဘ ကကော?????လက်ခံရဲ့လား???
ကျနော်တော့မထင်မိပါဘူး…….ဒီတော့ကျနော့်စာကိုဖတ်ပြီး ကျနော်တို့ ရဲ့ အခွင့်အရေး ရသလောက်ကိုတောင်းဆို ကြတာပေါ့.ကျနော်တို့ က နိုင်ငံတော်ဝန်ကြီးတွေဆီကတောင်းမှာလည်းမဟုတ်ဘူး.ကျနော်တို့ ကိုမွေးထုတ်ထားတဲ့ မွေးမိခင် ကျွေးဖခင် ဖေဖေ နဲ့ မေမေ တို့ ဆီ ကတောင်းဆို မှာပါ..ကျနော်ဆိုလို တာက မိဘတွေကို အကြမ်းဖက်
ပြီး ဆန္ဒ ပြ ပြီး တောင်းမှာမဟုတ်ပါဘူး……အဲ့တော့မကြောက်ကြပါနဲ့ .ကျနော်တို့ အတွက်မဟုတ်ရင်
တောင်မှ နောင်လားနောင်သားတွေ အတွက် ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပါ.. .ငြိမ်းချမ်းစွာနဲ့ တောင်းဆို ကြမှာ ဖြစ်ပါကြောင်း……………
                         အားလုံးပါဝင်ဆင်နွှဲကြစို့ 
                                            မောင်စေတန်
No comments:
Post a Comment