WE DON'T ALLOW UNDER 18 TO BE WATCH AND READ. အသက် ၁၈ နှစ်မပြည့်သေးသူများ မကြည့်ရ၊မဖတ်ရ။"
Saturday, June 4, 2011
ကြည့်ရှုစောင့်ရှောက်ကာကွယ်တားဆီးကြစို့ 
ဒီနေ့  စိတ်ကူးရလို့  စာရေးချင်တယ်လို့ စဉ်းစားလိုက် တော့ ပထမ ဦးဆုံးစိတ်ထဲပေါ်လာ
တာက ယနေ့  ကမ္ဘာပေါ် မှာပြောင်းလဲတိုးတက်လာတာ နဲ့ အမျှ လူနေ မှုစရိုက် ၊
စားသောက်မှု ပုံစံ ၊ လူသုံးကုန် စသည့် ပစ္စည်း တွေဟာလည်း တဖြေးဖြေးလိုက် တိုးတက်
ပြောင်းလဲလာကြတယ်……လူတွေရဲ့စိတ်ဓါတ်လည်း ပြောင်းလဲလာကြပါတယ်.
ကျနော် ဒီနေ့  ပြောပြချင်တာကတော့ ယနေ့ လူတွေရဲ့ စားသောက်ကုန် နဲ့  လူသုံးကုန် တွေ
ကလူသား အရင်းအမြစ်ကို ပျက်သုဉ်း အောင်နောင်တချိန် လူဆိုတာ ဘယ်လို ပုံစံ ဘယ်လို ဖြစ်မလဲဆိုတာမစဉ်းစားတတ်လောက် အောင် ကမ္ဘာ ကြီး ရဲ့ပြောင်းလဲမှု ကိုပြောချင်ပါတယ်ခေါင်းစဉ်ကိုတော့ ……ကြည့်ရှုစောင့်ရှောက်ကာကွယ်တားဆီးကြစို့ ပေးလိုက်ပါတယ်..
                       ကြည့်ရှုစောင့်ရှောက်ကာကွယ်တားဆီးကြစို့ 
DEHPDEHPDEHPDEHPDEHPDEHPDEHP…DEHP..DEHP
DEHP???????
ဘာလဲDEHPဆိုတာ စာဖတ်သူတွေကောသိလား????
ကျနော်ပြောပြ မယ်နော် DEHP ဆိုတာ ပလပ်(စ်)တစ် လုပ်တဲ့နေရာမှာသုံးတဲ့ဓာတုဗေဒ
ပစ္စည်း တမျိုးပါ.လူသုံးကုန်စားသောက်ကုန်မှာသုံးဖို့ မဟုတ်ပါဘူး.ဒါကို လူတွေက
..ဈေးပေါတယ်
..DEHP ကိုထည့်သုံးလိုက်ရင် အအေးအဆီ နည်းနည်းနဲ့ အအေး တဗုံး လောက်ဖျော်လို့ ရတယ်
စီးပွားရေး သမားတွေအတွက်တော့ တွက်ချေကိုက်တာပေါ့ဒါမယ့်လူတွေ ကိုလူညွန့် သုံးစေတယ်ဆို တာ မသိတာတော့တကယ် အံ့သြပါတယ်ဗျာ..
ကျနော်ပြောချင်တာက အခု DEHP ကစားသောက်ကုန် မကဘဲ လူသုံးကုန် အခုနောက်ဆုံး တိုင်ဝမ် ရဲ့စမ်းသပ်မှု အရ ကမ္ဘာ လေထုရဲ့ ၁၀၀% မှာ ၈၀%ဟာ DEHP တွေ ပျော်ဝင်နေတယ်လို့ လေ့လာတွေ့ ရှိရပါတယ်..လေ့လာတွေ့ ရှိချက်
တွေကို စာဖတ်သူတို့  online မှာ ရှာဖွေ ဖတ်ရှုနိုင်ပါတယ်.ကျနော် ရှာရမှာပျင်းလို့ နားလည် ခွင့်လွှတ်ပေးကြပါနော်.
ကြည့်ကြပါ.လူသုံးကုန် ရဲ့အနိမ့်ဆုံးပစ္စည်းဖြစ်တဲ့ လက်သည်းနီမှာတောင် DEHP လိုမျိုးပါနေရင်စာဖတ်သူ တို့ နေ့ စဉ်ထိတွေ့ ကိုင်တွယ် နေတဲ့ အသုံးအဆောင်တွေ
အားလုံးမှာပါနေပါတယ်မယုံမရှိပါနဲ့ မစစ်ဆေးလို့ မတွေ့ ရှိတာပါရှေးလူကြီးတွေ
တွေပြောတာက ဗဟုသုတ ပါအခုလို ခေတ်မှီနေတဲ့  ကမ္ဘာမှာ ရှာဖွေလေ DEHP ဖြစ်နေပါပြီ
Thursday, June 2, 2011
ယိုးဒယား ကလပ်......အင်း သွားချင်လိုက်တာနော်...
တရုတ်ပြည်မှာ တကယ် ယောကျာ်း ရှားနေတာဘဲ
< ဇာတ်သိမ်းပိုင်း >
< အပိုင်း ၃ >
< အပိုင်း ၂ >
ဂျပန် အမြည်း < အပိုင်း ၁ >
မလေး ကလေယာဉ်မောင်တယောက် ရဲ့ ရုပ်ရှင်လေးပါ.....
လူဆိုတာ……
လူကြီးတွေကပြောတယ်…လူ့ ဘ၀ဆိုတာ ရခဲတယ်တဲ့ တကယ်တော့ လူဘဝ
ရောက်လာပြီး လူလာဖြစ်တယ်ဆိုတာ….အရင်ဘ၀ကဘာတွေ မကောင်းတာလုပ်မိလို့ 
လာဖြစ်လဲဆိုတာ ကိုယ့်ကိုယ် ကို့ ပြန်စဉ်းစားမိလာတယ်…အဲ့လို တောင်စဉ်းစားရုံ မကဘဲ
HOMO ဘာဖြစ်နေတော့ သေချာတယ်..ကျနော် အရင်ဘ၀မှာ မကောင်းမှု တခုခု
လုပ်ခဲ့ မိလို့  ဒီလို ဘ၀ မျိုးတွေ ရောက်နေတာ.. ကျနော် စာရေးရမှာ အရမ်းပျင်းတယ်
ဒါပေမယ့် ကျနော် အခုချိန်မှာ စာရေးပြီး ကျနော် ခံစားချက်တွေ ထုတ်ဖော်မှ သူငယ်ချင်းတွေ ဆီက အကြံကောင်းတွေ ရမှာပေါ့ ….ကျနော် ကျရှုံးချင်ပါတယ်…
ဒါမယ့် ကျနော် စိတ်ထဲမှာ အောင်မြင် ရမယ်ဆိုတဲ့ စိတ်ဓါတ် က ကြီးစိုးနေတယ်..
ကျနော်အဖေ အမေ နဲ့ ဝေးတဲ့နေရာ မှာလာနေ နေရတယ်.. အဒေါ်တွေ ဦးလေးတွေ နဲ့ ပေါ့
ဟုတ်ပါတယ် မြန်မာပြည် မှာ မိဘ နှစ်ပါးနဲ့  ညီနှစ်ယောက် ပြစ်ထားခဲ့ပြီး ဒီနိုင်ငံကို ပြန်လာခဲ့တယ်… ကျနော် ပထမ တခေါက်က ရောက်လာ ဘူးပါတယ်…..ဒါပေမယ့်
အကြောင်းအမျိုးမျိုးကြောင့် မြန်မာပြည် ကိုတနှစ် ပြန်သွားခဲ့တယ်…
ပြောရမယ် ဆိုရင် ကျနော့် အသက် ၂၀ မှာ ရန်ကုန်ပြန် ရောက်နေပါတယ်….
ကျနော်ပြန်သွားတော့ ကျနော့် Tofel တတ်မယ်.. ကျောင်းတတ်မယ်ပေါ့ …
ဒါမယ့် ကျနော် မိဘနှစ်ပါးကို သနားပါတယ်….ကျနော် အလုပ်လုပ်လို့ ရနေပေမယ့်
ကျောင်းတတ်ရင် ကျနော့် မိဘနှစ်ပါး ကျနော့်အတွက် ပိုက်ဆံတွေ အများကြီးထက်ကုန်လိမ့် မယ်…ကျနော့်အတွက် ကုန်မယ့် အစားကျနော့် ညီနှစ်ယောက်အတွက် ကျနော် ပေးဆပ်လိုက်တယ်….ပြည်ပကို ထွက်လာတယ် …
အလုပ်လာလုပ်တယ်…ကျနော် ဒီနိုင်ငံရောက်တော့ဘာ အလုပ်ရမှာတုန်း ပညာမှ မတတ်
တာ ရရာအလုပ်လုပ်တယ် အဒေါ်ကို အသုံးစရိုတ် ၅၀၀၀ ပေးတယ်…ကျန်တာကတော့
ရန်ကုန်ပို့ တယ်…ကျနော်ဘာမှ မသုံးသလို ဘာမှလည်းမ၀ယ်ပါဘူး….ကျနော် ဒီတခေါက် ဒီကိုရောက်လာမှ ဘ၀ ဆိုတာကို ကောင်းကောင်းကြီးနားလည် လာတယ်..
အသက်ကြီးလာပြီလို့ ပြောလို့ ရတာပေါ့…၂၁ နှစ်ပေါ့….ဒီရောက်လာတော့ သိမကြာပါဘူး
ကျနော့်အတွက် ၂၁ ဆို ကံဆိုးတဲ့နှစ်လို့ ပြောလို့ ရပါတယ် ….၂၀၁၁ ကျနော် အရမ်းမုန်းတယ်…ကျနော် ဒီကို ပြန်ရောက်လာတော့ ကျနော့်အဘွားဆုံးတယ်…
ကျနော် ၂၁ နှစ်ပြည့်မွေးနေ့  အပြင်မှာ အဒေါ်တွေ ဦးလေးတွေ နဲ့  သွားစားပြီးသိပ်မကြာဘူး
အဘွားဆေးရုံ စတတ်ရတယ်…ဆေးရုံတတ်ပြီး ၂ လကျော် ၃ လ အကြာမှာ လူကြီးရောဂါ
အအေးမိပြီးဆုံးသွားခဲ့တယ်….အဘွားမဆုံးခင်…အဘွားအရမ်းတွေ့ ချင်တဲ့ ကျနော် ညီအလတ် ကောင် ကို အဘွားအနားရောက် အောင် မခေါ်ပေးနိုင်ခဲ့ ဘူး… လူ့ ဘ၀ဆိုတာဒါပါဘဲ….
အဲ့ဒီနောက်ပိုင်းမှာ ကျနော် တူလေးတယောက် ထပ်ရခဲ့တယ်…..ငိုခဲ့ရပြီး ပြန်ပျော်ခဲ့ရတယ်…ကျနော် ကလေးအရမ်းချစ်တတ်ပါတယ်..ကျနော့် အမ တ၀မ်းကွဲကမွေးတော့ အမျိုးအရင်းဆိုတော့ ပိုပြီးချစ်ပါတယ်…
ကျနော်အခု စာရေးနေပြီး ရုပ်ရှင်ကြည့်နေပါတယ် ကြည့်နေတဲ့ ကိုရီးယားဇာတ်လမ်း က “ လှပတဲ့လူဘ၀ “
တဲ့ တရုတ်နာမည်ကို မြန်မာလိုဘာသာပြန်လိုက်တာပါ…..အဲ့ဒီထဲကမိသားစုလိုမျိုး အရမ်းလိုချင်ပါတယ်..
ကျနော်ဂေးပါ…ဒါမယ့်ရုပ်ရှင်ထဲ ကဂေးမိသားစု လိုမျိုးဘယ်လို မှရမှာမဟုတ်သလို…သူ့ လိုမျိုး ပါတနာ
လည်းရမှာ မဟုတ်ပါဘူး….ကျနော်အရမ်းအားကျပါတယ်…ဒါပေမယ့် ရုပ်ရှင်ဆိုတာလည်းသိပါတယ်..
အပြင်ဘ၀နဲ့  ရုပ်ရှင်ဘ၀ ဆိုတာဘယ်လို မှမတူနိုင်ပါဘူး…..ကျနော် ရည်းစားထားဘူးပါတယ်…
Sex လည်းလုပ်ဘူးပါတယ်….သေမလောက်အောင်လည်းကျနော် ချစ်ခဲ့ပါတယ်…ဒါမယ့် မြန်မာပြည်ရဲ့
HOMO ဘ၀ ကမိမိဘက်က ဘယ်လောက်ပေးဆပ် ပေးဆပ် အနားမှာ မရှိတော့တာနဲ့  နောက်ကွယ် မှာ
ဖောက်ပြန်တယ် …ကျနော် အရမ်းမုန်းတယ်….၁ နှစ်ကျော် ၂ နှစ်ပြည့်ခံနီးမှ အဲ့လိုလုပ်တာတော့ကျနော်
ဘယ်လို မှသည်းမခံနိုင်ပါဘူး……ကျနော် အားလုံးကို မဆိုလိုပါဘူး…ကျနော်လို အရမ်းချစ်တတ်တဲ့
လူတွေလည်းအများကြီးရှိနေမှာပါ…..ကျနော် ကိုအရမ်းချစ်တဲ့လူတယောက် လိုချင်ပါတယ်…
အခုတလောစိတ်တွေအရမ်းညစ်ပါတယ်….လူတွေကိုလည်းအရမ်းကြောက်တယ်…..
အကြောင်းအရင်းကတော့…ကျနော် အလုပ်မှာ ကျနော်ဘာလုပ်လုပ် ကျနော်ကို မျက်စိ ထောင့်ထောက်
ကြည့်နေ ပြီး အထက်လူကြီးကို ပြန်ပြန်တိုင်နေတဲ့လူ တယောက်ရှိပါတယ်…ကျနော် အားလုံးကို နားလည်ပေးလို့ ရပါတယ်…ကျနော်ပျော်ပျော်နေတတ်ပါတယ်….ကျနော့် ဘ၀ကို ကျနော် ဂျိုကာလို့ တတ်မှတ်ထားပါတယ်…ကျနော်ကြောင့်လူတွေ အားလုံးပျော်နေတာကို မြင်ချင်ပါတယ်…
ဒါပေမယ့် လူတွေက ဂျိုကာ ငိုနေတာကို ဘယ်လို မှမြင်ရ မှာမဟုတ်ပါဘူး…ဂျိုကာဆိုတာ သရုပ်ဆောင်
နေသလို ပါဘဲ……မျက်နှာက ပြုံးနေပေမယ့် ငိုနေတယ်ဆိုတာကိုလူတွေကို ….. ကြည့်တတ်ရင်သိပ်ကောင်းမှာဘဲ….နော်…
ကျနော်ဘ၀ ကငယ်စဉ်ကပျော်စရာ အရမ်းကောင်းပေမယ့် တကယ်တမ်း ဘ၀ ဇာတ်ခုံပေါ် ရောက်တဲ့အခါ ကျတော့ စိတ်ညစ်စရာ စိတ်ပျက်စရာ တွေနဲ့ ဘဲပြည့်နေပါတယ်….ကျနော် HOMO ဘ၀ကို မလိုချင်ပါဘူး
HOMO ဘ၀မှာ မိမိချစ်တဲ့လူကို မိမိ လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောခွင့်ရှိရင် သိပ်ကောင်းမှာဘဲ…
လို့ စဉ်းစားမိတယ်…..ကျနော် စိတ်ကို ကျနော်မပိုင်သေးပါဘူး…ကျနော် မိမိ ကိုယ်ကို လည်းမရပ်တည်နိုင်
သေးပါဘူး….တကယ်လို့ ကျနော်ဘာသာ ကျနော်ရပ်တည်နိုင်တဲ့ တနေ့ ကြရင်. ကျနော်အားလုံးကို
ဖွင့်ပြောမှာပါ……
Tuesday, April 5, 2011
တောင်းပန် လွှာ
ကျနော်မောင်စေတန် အလုပ်မအားသောကြောင့် bolg ရေးသားခြင်းကို အကန့် အသတ်မရှိ ရပ်နားမိ ၍
ကျနော် ချစ်သော ကမ္ဘာ အရပ်ရပ်မှ ပရိတ်သတ်များကို အနူးညွတ် တောင်းပန်အပ်ပါသည်.....
ယနေ့ မှ စ၍ ဗီဒီယို files များကို online watching အဆင့်မှ download အဆင့်သို့ တိုးမြှင့်လိုက်ကြောင်း ၀မ်းမြောက်ဖွယ် အသိပေးအပ်ပါကြောင်း..........
                                                                                   မောင်စေတန်....